skip to main |
skip to sidebar
၂၀.၉.၀၉ နေ့ အရှေ့ပိုင်းလောက်က ခရီးစဉ် အတွက် blogger တွေ မြေနီကုန်း က ရွှေစည်တော်မှာ တိုင်ပင်နေကြပါတယ်... တိုင်ပင်နေတာကတော့နေရာ ကစုံနေတာပဲ ၊တိုင်ပင်နေရင်းနဲ့ စကားတွေက ဟိုရောက်ဒီရောက်နဲ့ ရည်ရွယ်တဲ့ အကြောင်းအရာကို လွှတ်သွားတာ မနည်းပြန်တည့်နေရပါတယ်..။ စကားတွေဖောင်ဖွဲ့ ပြီး တော်တော်လေးကြာမှာ sharikittaya 2.0 ဆိုတဲ့ ခရီးစဉ်လေးကို ကျောက်ချ ဖြစ်ပါတယ်။ ၂၈.၉.၀၉ ရက်နေ့ မှာတော့ရွှေစည်တော်မှာပဲ မနက်ဖြန်အစီစဉ်အတွက် တိုင်ပင်နေကြပါတယ်..တိုင်ပင်နေတယ်တာပြောတာပါလူစုတွေကွဲနေပြီး ပြောချင်တာပြောနေကြတယ်..နောက်ဆုံး ဆုံးဖြတ်ချက်ကတော့မနက်ဖြန် gathering ကို ကန်တော်ကြီး အဝင်၀ မှာ မနက်ဆုံမယ်တဲ့။ အဲ့ပြန်သူတွေတော့ပြန်ကုန်ကျပါပြီး..မပြန်သူတွေကတော့ နောက်တစ်နေရာကို ရွေ့ သွားကြတယ်။(ဝင်းစတာပေါ့ ..ဟိဟိ) အဲ ဖူးဖူးလေး လဲ ပါသွားတာပေါ့နော်..မမဘာညာနဲ မမပင့်တို့ကတော့ မနက်ဖြန်အတွက် ဘာညာဘာညာ ဝယ်ဖို့ city mart ကို သွားကြလေရဲ့။ ဖူးဖူးလေးကတော့ ကိုဖိုးသူတော်နောက်ကို လိုက်ကာ ဝင်းစတား ပေါ်တပ်လိုက်သွားခဲ့တယ်။အပေါ်ရောက်တော့ သူတို့တွေ က ဘာမှ မမှာပဲတိုင်နေလေတယ်လေ..။အော်မှာတော့မှာတယ်...ရေခဲ တစ်ပွဲနဲ့ခွက်တွေတဲ့...။(တော်တော်စေ့စပ်ကြတဲ့အကိုတွေ) ဖူးဖူးလေး ကတော့ မသောက်တော့ပါဘူး လို့ပြောလိုက်မိတယ်။(ဘာကြောင့်ပြောလိုက်မိမှန်း မသိပါဘူး။)ကြောက်လို့ပဲနေမှာပါ။.ဖူးဖူးလေးက အားလုံးထဲမှာ အငယ်ဆုံးဆိုတော့ ဆိုးလို့မဖြစ်ဘူးလေ..ဝိုင်းဆူမှာပေါ့ ပြီးတော့မမဘာညာ က လဲ မရောက်သေးဘူးဆိုတော့သောက်လို့က မဖြစ်ဘူး။ စောင့်နေရင်းနဲ ဗိုက်တွေ က ဆာနေတာ ..ကျွတ်ကျွတ် သေတော့မယ်။မထူးတော့ပါဘူး ခပ်တည်တည်နဲ တစ်ခုခုမှာလိုက်မယ်..။ ိကိုဖိုးသူတော်ကလဲ မြောက်ပေးနေတယ်..သူစားချင်လို့နေမယ်..ဘာပဲပြောပြော အဖော်၇သွားတာပေါ့ နှစ်ယောက်စလုံး ပိုက်ဆံ မပါကြဘူးလေ။ မှာမယ်ဆို တော့ ဖူးဖူးလေးတို့များရုပ်ကချက်ချင်းပြောင်း...သွားလိုက်တာ..ဟိတ်ချွတ်ချွတ်.(ဝိတ်တာကိုခေါ်တာနော်.တစ်မျိုးမတင်နဲ့) ဝက်သားပြားကျော်တစ်ပွဲနဲ့ ထမင်းတစ်ပန်းကန်ပေးပါ..။အဲလဲ မှာနေတာ မှာနေတာ...လူတွေကမကောင်းဘူးသိလား ကိုယ့်ကိုကိုယ်ပြောတာပါ အားခေါင်ကပ်လိုက်တာဆိုပြီး ရေသောက်ပါလား..မဟုတ်ဘူး...ဟိတ် ဝိတ်တာချွတ်ချွတ်(သဘောရိုးပြောတာနော်)။ တုန်ရမ်း ဟင်းချို တစ်ပွဲလောက်..။ အော်လူတွေ အလိုက်ကို မသိပါလား။စားလို့သောက်လို့ပြီးတဲ့ အထိ မမဘာညာနဲ့မမပင့် တို့ကပေါ်မလာချေ..။အော်..နောက်မှာသူတို့က ဆိုင်မှားပြီး လှည်းတန်းရောက်သွားကြတာကို..။ ၂၉.၈.၀၉ မနက်စောစောလေး (သိပ်တောင်မစောတော့ပါဘူးလေ.)ကိုဖိုးသူတော်ရယ် ..မယမင်းရယ်..မဘာညာရယ်..ဖူးဖူးလေးရယ်ပေါ့ ..ခရီစဉ်အတွက် ဗီနိုင်း သွားယူကြတယ်..။ဖြစ်ချင်တော့ ကိုရွှေမြတ်က ဒီဇိုင်းမှာ သြဂုတ် လို့မရေးပဲ အောက်တိုဘာရေးလို့ မြွေကိုက်သေးတယ်..။ပြန်ပြင်ချင်ပေးမယ်..စက်တွေကဖွင့်မ၇ ဆိုင်တွေကစောစောစီးစီး မဖွင့် ကြနဲ့ တကယ့်မြွေပဲ..။ နောက်ဆုံးတော့အဆင်ပြေခဲ့ပြီး ကန်ဘောင်ရောက်တယ်လေ..။ကန်ဘောင်မှာလူကြီးတွေ ဆော့နေတာကို ဖူးဖူးလေးက ထိုင်ကြည့်ပြီးစိတ်လေနေခဲ့၇တယ်လေ..။ နောက်ဆုံးတော့လမ်းခွဲကြပြီး..ည၉နညရီ.မြေနီကုန်း မှာ ဆုံဖို့အားလုံးကို ချိန်းချက် လိုက်ကြတယ်(ဟူး..တော်သေးတယ်.ဘယ်လောက်ဆော့မလဲလို့တွေးနေတုန်း) ဖူးဖူးလေး နဲ့မဘာညာ လဲ အိမ်ကိုရန်ဖြစ်လိုက်ပြန်ချစ်လိုက် ပြန်ပြီး တစ်ရေးအိပ်နေလိုက်သေးတယ်..။ ၄နာရီလောက်ထပြီး..shopping ထွက်လိုက်သေးတယ်..(တကယ်တော့ဝတ်စရာမရှိလို့ အမြန်ထွက်ဝယ်၇တာ ..။) တကယ်တော့မှန်းထားတာနဲ့တစ်ခြားဆီပဲ ..မမဘာညာ က မဝယ်ပေးနိုင်ဘူးတဲ့..အက်အက်..။ဂျင်းဘောင်းဘီ အဟောင်းလေးဝတ်ပြီး သွား၇တော့တာ ပေါ့ ..။ MBS အင်္ကျ ီးလေးကို ဂုဏ်ယူစွာဝတ်ပြီးတော့ မြောက်ကြွကြွ နဲ့ မြေနီးကုန်းကို ကြွလှမ်းလာတာပေါ့ ..။ဟိုက်ရှား..အဖြူတွေ ..အဖြူတွေ ..လူတွေကလဲငေးလို့ ဟော့တော့....ဝတ်တော့အဖြူရောင် ထိုင်နေတာ ဘီယာဆိုင်မှာတော့.။စိတ်လေလေ နဲ့ဝင်ထိုင်တော့မူးနေကြပြီးထင်တယ်...။ ကဲလူစုံရင်တက်မယ်ကားပေါ် ..ကိုကြီးကျော်ရဲ့အော်သံကြောင့် အားလုံးလှုပ်လှုပ်ရွရွ ဖြစ်သွားကြတယ်လေ..။ဖူးဖူးလေးဖူးဖူးလေး.....(မပရဲ့အသံ).နေရာသွားဦး. နေရာသွားဦး..(ရေခဲမုန့်ကို ဇိမ်နဲ့စားနေတာ တောင် လန့်သွားတယ်..)။ဖူးဖူး လဲစိတ်ပေါက်ပေါက်နဲ့ထပြေးလာတာ (နေရာဦးမလို့ပါ)မပရဲ အော်သံက နောက်မှာကျန်ခဲတယ် ..၄ ခုံနော်ဖူးဖူးလေး..။အော်အော်..လူတွေအမြင်းကတ်တော့မှာပဲ ..၄ခုံတောင်ဦး၇မယ်တဲ ..အိုးဘာဖြစ်ဖြစ်..ထိုင်ဖို့အရေးကြီးတယ်လေ..ဦးတယ်ကွာ..အုန်း..(အိတ်ပစ်တင်တဲ့အသံပါ) မပ နဲ ကိုကြီးကျော်ညီမ က ၂ခုံ ၊ဖူးဖူး နဲ့မဘာညာက ၂ ခုံ ပေါ့ နော်..ဒါပေမဲ့မဘာညာက လာမထိုင်ဘူး...။နေပေါ့။အဲ..ညီမလေးဒီမှာလူရှိလား..။(ကြည့်လိုက်တော့အကိုကြီးချောချောတစ်ယောက်..သိသလိုပဲအော်ကိုသီဟန်..)..ဟိဟိ ထိုင်ထိုင် ဘယ်သူမှမရှိဘူး.ကိုကြီး(သွားကြီးကဖြဲလို့ပေါ့ဖူးဖူး တို့က အဲလို ).. ကိုယ်တော်ချောကို ဘာပြောရင်ကောင်းမလဲ မသိဘူး။စကားရှာဦးမယ်ပေါ့ ...ဘာလုပ်၇မှန်းမသိလို့ ဟဲဟဲ ကိုကြီး..မုန့်စားမလား..။(အစချီလိုက်တာပေါ့နော်.) စားမယ်ညီမလေး..(အော် စားမယ်တဲ့လား)..။ ကားသမားကြီး က ကားခပေးလို့ ပြောတော့ကိုကြီးကျော်က ရန်ကုန်ပြန်ရောက် မှာ ပေးဖို့ပြောထားတယ်တဲ့။ ကားဆရာ က အဲဒီ ကိုကြီးကျော်ဆို တဲ့အကောင် က စကားကိုဘလောင်ပလဲပြောတယ်ပေါ့ .. ဟွန့်ဘလိုင်းကြီးနော်..ဖူးဖူး က လဲမြောက်ပေးလိုက်တယ်..ကိုကြီးကျော် လူကို စော်ကားတယ်မခံနဲ့ပေါ့ နောက်တော့ကားပေါ်က အကုန်ဆင်းကြတဲ့..အဲအဲ...ဆင်း၇တော့မှာလား.... နောက်တော့မှာ ကိုကြီးကျော်ဆိုတာ ကားဂိတ်က ကိုကြီးကျော်ကို ပြောတာပါတဲ့...ရှင်းရော..။ကားပေါ်မှာထိုင်နေတာခုမှာစိတ်ချလက်ချဖြစ်တော့တယ်..။ အားလုံးပင်ပန်းပြီးလေ.အိပ်တော့မယ်ပေါ့ ဘေးကကိုယ်တော်ချောပေါ်အိပ်လိုက်တယ်..ဟဲဟဲ (ရယ်နေရင်းသတိထား)..ကိုယ်တော်ချောက ၀၀တုတ်တုတ်လေးဆိုတော့ ဖူးဖူးလေ တို့ငြိ်မ့်နေတာပေါ့ ..(ဇိမ်ဇိမ်) ။အိပ်ပျော်သွားခဲ့တယ်။...ရှလူး ရှလူး ခေါခေါ.....။ နိုးလာတော့ ကာရာအိုကေ ဆိုင်ရှေ့ရောက်နေတယ်လေ..။ ကဲ ဆင်းပြီး အနားယူလို့၇ပါပြီး ကိုကြီးကျော်ပြောတော့ ..အနားယူ၇မယ် မောတောင်မမောသေးဘူးပေါ့ ဘာလို့အနားယူး၇မလဲ စဉ်းစားနေတာ အော် သူတို့သောက်ချင်တာနဲ့ဂလိုလုပ်တာကို .. အား...ဆူညံနေတာပဲ ..ရှိရှိသမျှအသံနဲဖစ်ညှစ်အော်နေတာ နားတောင်ပေါက်တော့မယ်.. ဒါကြောင့်ဟန်ပါပါ နဲ့စတိုင် လှလှ နဲ့ ဆိုင်ထဲကနေပြေးထွက်လာတာ..(ဘယ်သူများကြည့်နေမလဲလို့ပေါ့ )..ဆံပင်တောင်ခါခဲ့ သေးတယ်ထင်တယ်.။ နည်းနည်းကြာတော့မှ ကားပြန်ထွက်မယ်ပြောတော့..ကားပေါ်ပြန်တက်အိပ်နေတယ်..။ ကိုယ်တော်ချောက မူးနေပြီးလေ.. မူးပြီးအိပ်တော့တာပဲ..စကားပြောပါမယ်ဆိုှမှ လူဆိုး ဟိဟိ..ခရီးထွက်တာ ဖူးဖူးလေးတော်တော်အိပ်ရေးပျက်တယ်..(လုံး၀ မနိုးပါ)။ ၃၀.၈.၀၉-အော်..ဘုရားရောက်ပြီး..မနက်၅နာရီလောက်ရှိလောက်ပြီး.. မျက်နှာသစ်ကြ ၊အလှပြင်ကြ ပေါ့ ။ဗိုက်ထဲမှာလဲ အိုးစည်တီးနေတယ် ဆာနေတာ ဆာနေတာ ..။ မကောင်းတတ်လို့ဘုရားအရင်တက်လိုက်တာ ..။ဘုရားလူကြီး က ကျွေးမယ်ဆိုလို့ မဲနေတဲ့မျက်နှာလေး..နည်းနည်း ညိုသွားတယ်..။အော်..မကျွေးနိုင်တော့ပါလား..ပြောနေတာမပြီတော့ဘူး။ရှေ့မှ ချထားတဲ့စမူဆာ ကိုကြည့်ပြီး လူမမြင်သူမမြင် သားရည် တစ်စက်ကျသေးတယ်.. စားလို့၇ပြီးပြောတော မှ အငမ်းမ၇တစ်ဖြဲနှစ်ဖြဲ စားတော့တယ်..။ တစ်ယောက်တည်း..ဟိုသွားဒီသွားပေါ့ .. ပြန်ဆင်း လိုက် ဟို ဘုရားတက်လိုက် ဒီဘုရားတက်လိုက်ပေါ့ ခေါင်းထဲ မှာ အားနည်းပြီးမူးနေတာ ပဲ သိတယ်။..ဘာမှလဲ မမှတ်နိုင်ဘူး။အပြန် ရေပြာလှိုင်း မှာရေချိုးတယ်..နည်းနည်းလန်းသွားတယ် ဘီယာသောက်မှခေါင်းထောင်လာတယ်...ဟိဟိ (အဲလိုအဲလို )..။ ကိုသီဟန်က ခိုးတိုက်လိုက် မပ က မဘာညာကိုကြည့်ပေး၇နဲ့ ..ဒီလိုပဲဘီယာလေးဝင်သွားတာပဲ လေ..။ နည်းနည်းပျော်သွားတယ်..ဝင်သွားလို့လေ..။အပြန်ကျ ပေါင်တည် ဈေးပွဲတော် ဝင်တယ်လေ..။ အပေါ့သွားချင်လို့ အိမ်သာ ရှာတော့ ချစ်တီ ဒံပေါက် ဆိုင် မှာ အအေးတစ်လုံးမှာပြီး..လူခြောက်ယောက်ပေါက်ကြတယ်လေ..၁-ဖူးဖူးလေး.၂-မပ.၃-မဘာညာ.၄-ကိုသီဟန်.၅-မပင့် `၆-ချစ်ယု ဟိဟိ ကုလားအန်တီ က စိတ်ဆိုးပြီး ကိုသီဟန်ကို အပေါ့သွားချင်ရင် ဘုရားအိမ်သာရှိတယ် ဒီမှာပေါက်လို့မ၇ဘူးလို့ပြောလိုက်တယ်လေ..။ ဟိဟိ မျက်နှာငယ်လေးတွေ့နဲ့ပြန်ထွက်လာတယ်ပေါ့ နော်..။ကိစ္စရှင်းပြီးချိန်ပြောလို့တော်သေးတာပေါ့ နော်..။ ကားပေါ်ပြန်တက်အိပ်ပြန်ရော...... မြေနီးကုန်းရောက်တော့ တကယ်ချစ်ကြတဲ့သူငယ်ချင်းတွေ ..ဘယ်တွေရောက်ကုန်လဲ မသိဘူး။ပျောက်ကုန်ကြတယ်..ဘယ်အချိန် တက်စီတွေငှားပြီးထွက်သွားကြတာလဲမသိဘူး။ ဒီခရီးစဉ်လေး မှာ ၇သ အမျိုးကို ခံစား၇ပါတယ် လို့ခြုံ ပြောလိုက်ပါတော့မယ်...အမှတ်တ၇ကျန်ခဲ့မယ်သူတွေ ရှိပါတယ်..လို့ထင်တယ်..။ ဖူးဖူးလေး
0 comments:
Post a Comment