တစ်ပါးသူအတွက်လူတစ်ယောက်


-ပေးဆပ်နေခဲ့တဲ့ ငါဟာ..အရူးတစ်ယောက်ဖြစ်နေတယ်။
-နောက်ဆုံးတော့ လဲငါရလိုက်တယ်။
၁-ရင်ထဲမှာဟာတာတာနဲ့ အသက်တောင်ဘယ်လိုရှူရမလဲမသိတော့ ဘူး။
၂-အန်ချင်နေတယ်...အန်လို့ လဲမထွက်ပါလား..ပျို့ပျို့ နေတာဒုက္ခပါလားနော်။
၃-စိတ်တွေကလဲအလကားနေရင်းတိုနေပါလား။
၎-ဘာမှလဲမစားချင်ပါလားနော်။
၅-အန်နေပါလားနော်။
၆-ဘာမှအလိုမကျတော့ ဘူး။
၇- နှလုံးခုန်သံတစ်ခုငါထဲမှာအပိုကြားနေရပါလားနော်။
၈-ငါအသေချာသိလိုက်တယ်။
သူကတော့ အဝေးကိုကျောခိုင်းခဲ့ ပြီး။
အရင်လိုမဟုတ်တော့ ဘူး။
ချစ်ခဲ့ တဲ့လက်ဆောင်ကို ဘုရားက ငါ့တစ်ယောက်ပဲပေးတယ်မတရားဘူး။
ဘယ်လိုရှေ့ ဆက်ရင်ဆိုင်မလဲ..။
ငါလဲသွားတော့မယ်။
အရမ်းရင်နာတယ်...။
phoophoolay(သူငယ်ချင်းအတွက်)

ဖူးဖူးလေးအကြောင်းတစ်စေ့တစ်စောင်း

ဖူးဖူးလေးဆိုတာ ခပ်ပေါပေါကောင်းမလေးတစ်ယောက်ပါတစ်ယောက်တည်းနေတာများလာလို့ 
ိ့ရူးသလိုလိုနှမ်းသလိုလိုဖြစ်နေသေးတယ်။
အပေါင်းအသင်းဆိုတာမရှိသလောက်ရှားပါးနေတယ်။
ဖေဖေ ကို သိပ်ချစ်တဲ့ သမီးဆိုးတစ်ယောက်လဲ ဖြစ်တယ်။
အိမ်မှာအငယ်ဆုံးနဲ့ အဆိုးဆုံးပါ။ဘာမထီရွှေဖူးပါ (အိမ်မှာပါ)
အပြင်ရောက်ရင်တော့  ကုပ်နေရသူပါ။.



အသံမကောင်းဘူးလို့ ထင်ရပေမဲ့ 
တကယ်တော့ အသံလေးကသိပ်
ကောင်းပါတယ်။ဂစ်တာတီပြီး
သီချင်းဆိုတာဝါသနာပါပေမဲ့ 
အဆိုတော်ဖြစ်ဖို့ တော့ တော်တော်
လေးဝေးနေတယ်။
စိတ်ကူးယဉ်လဲအရမ်းဆန်တတ်ပါသေး
တယ်။

ထူးထူးဆန်းဆန်း ကားကိုကြည့် မိပါက တစ်ညလုံးမအိပ်တော့ ပဲစိတ်ကူးယဉ်တတ်ပါတယ်။(superman တို့ 
spiderman တို့ လိုပေါ့ )။ ခုတစ်လောတော့ ကိုးရီးယားကားကြည့် ပြီး အချစ်ကို စိတ်ကူးယဉ်နေပါတယ်။
သတိပေးချက်။ ။ လာချစ်မည်စိတ်ကူးသူများ အသည်းမခွဲမိပါစေနဲ့  ဖူးဖူးလေး ကအသည်းနုပါတယ်။
ဟေးးးးးဘာလဲ ..အော်ဖူးဖူးလေးရဲ့ အကြိုက်ဆုံးအရောင်သိချင်လို့လားပြောပြမှာပေါ့ ..။တန်းစီးနော်တန်းစီး
သိချင်တဲ့ လူတွေ များတော့ဒီလိုပဲ ...စည်းကမ်းရှိကြပါ.ကြားမဖြတ်ကြပါနဲ့ ..။
အကြိုက်ဆုံးများ
အရောင်---ပန်းရောင်နဲ့ မိုးပြာရောင်
အလုပ်ချင်ဆုံးအရာ--မိုးရေထဲ ထီးမပါပဲ ရွေ့ ချင်တယ်။
အဖြစ်ချင်ဆုံး--ပိုက်ဆံတွေပေါသောနေသူတစ်ယောက်။



အစာအစား--စားကောင်းတာအကုန်။

တော်ပြီးနော် ဖူးဖူးလေး ရဲ ဘ၀ကသိပ်ပျော်စရာမရှိတော့ ဒီလောက်ပါပဲ .။
အားလုံးကျေနပ်နိုင်ပါစေနော်..။
(ဖူးဖူးလေး)






ဒါလေးကတော့ 
ပေါနေတဲ့ ပုံပါ။







နေပြည်တော်ကmoonbakeryမှာပေါ့ နော်




ဘလော့ ဂါစိန်မမ နဲ့ နေပြည်တော်တွင်
မစိန်မမရဲ့ မွေးခါနီး အနေအထား













နေပြည်တော်ကားဂိတ်လေးပေါ့















ဖူးဖူးလေးအချစ်ဆုံး
ပုလုကွေးနဲ့ နီကျား





I 'm alone...........plz don't


အား......................။ အော်သံတစ်ခု ဖူးဖူးလေး ကုတင်ဆီက ထွက်ပေါ်လာတယ်။ အဖြစ်အပျက်က ဒီလိုပါ။ ဒီည မဘာညာ က barcamp ကိစ္စအတွက် ကျိုက်ထို သွားရတယ်လေ။အခန်းထဲ မှာအိပ်ရမှာတော့  ဖူးဖူးလေးတစ်ယောက်တည်းပါ။သဲရဲ ကြောက်တတ် ၊အားငယ်တတ်တဲ့  ဖုးဖူးလေး အဖို့ ဒီည ကကြောက်မက်ဖွယ်ကောင်းနေတယ်။ဟိုတွေးဒီတွေး မေမေ့ ကို သတိရမိတယ်။အဖျားတွေံ က လဲ တစ်ဖြည်းဖြည်း တက်လာတယ်။ကူညီမယ့် သူမရှိတော့  အားငယ်စိတ် က ပို ပို ၀င်လာသလို ..ကြောက်စိတ်ကလဲ ပိုပို ၀င်လာတယ် ။ အဖျားကြောင့်  အရမ်းချမ်းလာတယ်။ မိုးတွေ ကလဲမညှာမတာ တစ်ပေါက် ပေါက်ကျနေတယ်။မိုးစက်တွေ ကနေခေါင်း မိုးပေါ်ကျနေတဲ့ အသံဟာဒီနေ့ အဖို့  အလွန်ပဲ ကြောက်စရာကောင်းနေတယ.်။ အပေါ်တပ်ကနေအဒေါ်တံခါးဖွင့် သံကြား လိုက်ရတယ်။ဟော ...မီးခလုတ်ဖွင့် သံ ...။ထကြည့် လိုက်တော့ မဟုတ်ပါဘူး။ မိုးစက်တွေ ရဲ့  ကျသံ ဟာဟန်ဆောင် လိုက်တာ ပါ ။ အော်မေမေ နဲ့  ဖေဖေ ကဖူး ကို မချစ်လို့ ထား ခဲ့  ကြတာ ဖြစ်မယ်။တော်သေးတာပေါ့  ..အမတစ်ယောက်ရှိလို့  ။အားလုံး က ထားခဲ့ ရင်.... ဂီးး...............(နောက်ဘေးက အသံ ) အားးးးးးးးး............လို့  အကျယ်ကြီးအော်လိုက်မိတယ်..။သရဲတင်လို့  ။နောက်မှာဟိုဘက်အိမ် ကကြောင်ကြီး လာကိုက်တာသိတော့ တယ်။ ဂီးးးးးးးး.......... အား...............လို့ တပ်အော်မိတယ်။အော်သံ နဲ အတူ ခေါင်းထဲ ရောက်လာ တာ က ပူစီလေး သားအမိ ပုလုကွေး နဲ့ နီကျားပေါ့  ။ အိုး မဖြစ်ပါဘူး......။သူတို့ ကို ကာကွယ်ရမယ်..။ထလိုက်တော့  အိုး ကျွတ်ကျွတ်ကျွတ်..ခေါင်း ကလဲ မူးလိုက်တာနော်..။သူတို့ သေလို့ မဖြစ်ပါဘူး..သူတို့ သေရင် ငါတစ်ယောက်တည်းကျန်ခဲ့ မှာ ..။ တော်သေးတယ်..ရှာလို့ တွေ့ တယ်..ချေုာင်ကပ်ပြီးကြောက်နေရှာတယ်..။တူတူ ပံ အိပ်ကြမယ်ကွာ တို့ တတွေ ..။ ဒီလိုညကြီးမကြာရှည်ပါစေနဲ့ ..။ မထားခဲ့ ကြပါနဲ့ နော်..။ ကြောက်လို့ ..........။ မိုးမိ လို့ ကိုယ်ပူတွေ တက်တုန်း ...ဒါပေမဲ့  တစ်ယောက်တည်းပဲ ကျိတ်ငိုလိုက်ရတယ်။
ဖူးဖူးလေး

ဖူးဖူးလေး ဘလော့ က နေ ကလေးဆန်တာတွေ ပဲတင်နေ ကြလို့  ဖတ်ရှုသူများ ပျင်းနေ ကြတော့ မယ်။ ၏ခုတစ်ခါ တင်ပြ မှာ ကတော့ အင်တာနက်ပေါ်က ဘလော့ ဂါ တွေ တော်တော် များများ ဆီမှာ ခေတ်စားနေတယ့်  နတ်ကိုးကွယ်မှု

အကြောင်းတင်ပြချင်ပါတယ်။နတ်ကိုးကွယ်မှုကိုတင်ပြမယ်ဆိုတာ

အားပေး ဖို့ မဟုတ်သလို ၊ကန့် ကွက်ဖိုလဲ မဟုတ်ပါဘူး။

နတ်တွေ ကို ကိုးကွယ်သင့် မသင့် ဆိုတာ ကိုးကွယ်ခံရတဲ့ နတ်တွေ

ရဲ့ ရာဇ၀င် ကို အရင် နောက်ကြောင်းလှန်ကြည့်တာကောင်းမယ်

ထင်လို့  ဖူးဖူးလေး ကနေ အိမ်စာအုပ်စင်မှာရှာဖွေ တွေ့ ရှိထား

တဲ့ (၃၇-မင်းနတ် သိမှတ်ဖွယ်ရာ နှင့် ပူဇော်ပသနည်း )စာအုပ်

ထဲက နတ်တွေရဲ့ အကြောင်းကိုကြည့် ရအောင်နော်။

အိမ်တိုင်း အိမ်တိုင်း မှာအိမ်ထောင့် လေးမှာ ကပ်နေတဲ့ လိုက်ကာ

နောက်က နာမည်ကြီး ကိုယ်တော်ကို အားလုံးသိကြမှာပါ။

သူ့ အကြောင်းကို ပဲ ဖူးဖူးလေးက ပထမ ဆုံးတင်ပြချင်ပါတယ်။

ဒီလို လို တော့ ပြောကြတယ်။ဖတ်ရှုကြည့် ကြပါဦး..။

တစ်ကောင်းနေပြည်တော်ကြီး ထင်ရှားစဉ်က(ထိုအချိန်တွင်ပုဂံပြည်

တွင်သေလည်ကြောင်မင်း နန်းတက်ချိန်ဖြစ်တယ်)။

ပန်းပဲဆရာကြီးဦးတင့် တော်နှင့် ဒေါ်နော်တို့ ရဲ့ သားသမီး၃ယောက်

အနက်သားအကြီးဆုံးဖြစ်တယ်။

မောင်တင့် တယ်လို့ အမည်တွင် ခဲ့ တယ်။မြတ်လှ နဲ့ ထွေးဖြူ

(ဒွေးဖြူ)ဆိုတဲ့ ညီမ နှစ်ယောက် လဲ ရှိပါတယ်။

အရွယ်ရောက်တော့ လဲထုံးစမ်းအတိုင်း အဖေဖြစ် သူရဲ့ 

ပညာကို အမွေခံ ရတာပေါ့ နော်။ဒါနဲ့ ပဲ မောင်တင့်တယ်လေး

ဟာ ပန်းပဲဆရာဖြစ် လာရတာပေါ့ ကွယ်။

သူ့ မှာထူးခြားတာရှိပါတယ်။ဒါကတော့အားကြီးတာပေါ့ ကွယ်။

စာရေးဆရာတွေ ရဲ အလွန်းအကျွံရေးတာတွေလဲပါတာပေါ့နော်။

မောင်တင့်တယ်ရဲ့ ပန်းပဲထုသံဟာဝေးကွာလှတဲ့နန်းတော်

ထိတောင်ကြားတယ်ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စပဲလို့ ထင်တယ်။

ကြားမယ့် ကြား သတင်းဖြစ်ကောင်းဖြစ်နိုင်တယ်လေ။ဘယ်နယ့်

ထုနေတဲ့ အသံကြားရမတုန်းနော်။လူတွေကို ကချဲ့ ကားနေကြလေ။

အဲလိုသတင်းကြီး နေတဲ့ မောင်တင့် တယ် ကို ကြောက်လာကြ

တယ်တဲ့ ။အသိနည်း တဲ့ အဲခေတ်က ၀န်ကြီးမှုးမတ်တွေရဲ့ 

အကြံပေးမှုကြောင့် ဘုရင်ဟာမောင်တင့် တယ်သည် နန်းလု

မည်သူဟု ထင်မှတ် ကာဖမ်းဝရမ်း ထုတ်ခဲ့တယ်။(ဘုရင်ဟာစဉ်းကို

မစဉ်းစားဘူးနော်။သူများပြောတာပဲလုပ်ရတယ်ထင်တယ်။ဘုရင်

ဆိုတာ စဉ်းစားရတယ်မထင် ပါဘူး။ကြည့် ရတာကြာရင်အကျင့် 

ဖြစ်ပြီး မစဉ်းစားတတ်တော့တာထင်တယ်။)(ဖူးဖူးလေးထင်မြင်ချက်)

မောင်တင့် တယ်(တို့ ရဲ နတ်ကြီးလဲ ကြောက်ပြီးထွက်ပြေးတော့တာ

ပဲ )ဟာ မင်းဒဏ်ကို ကိုကြောက်လို့ ထွက်ပြေးတော့ တာပဲ ။

ဘုရင်က လဲ တော်တော်လည်တယ်။မောင်တင့် တယ်ရဲ ညီမကိုယူ

လိုက်ရော။(နှပ်ဟ)

ဘုရင်ဟာ မောင်တင့်တယ် ရဲ့ ညီမမြတ်လှ ကို အယုံသွင်းပြီင်္း

မောင်တင့် တယ်ကို ညာခေါ်ပါတော့ တယ်။မောင်တင့်တယ်ရောက်

လာတော့ ဖမ်းပြီး နန်းတော် အနီးရှိ စကားပင်ကြီးတွင် ဖိုထိုးကာ

သတ်စေလို့ အမိန့် ပေးလိုက်တယ်။ညီမ ဖြစ်သူ ကလဲ သူကြောင့် 

ဆို ကာစိတ်ထိခိုက်ပြီး အကိုဖြစ်သူနဲ့ မီးပုံအတွင်းလိုက်ပါခုံချခဲ့ ပါ

တယ်။

သူထွက်ပြေးတုန်း ကတော့ပုပ္ပါးတောင်အနီးက နဂါးမ နဲ့ ညားကာ

ရှင်ဖြု၊ရှင်ညိုဆို တဲ့ သားတော် နှစ်ပါးရတယ်လို့ လဲတွေ့ ရပါတယ်။

မောင်တင့် တယ် တို့ ကိုမီးရှိ့ ခဲ့တဲ့ စကားဝါပင်ကြီးတွင်မောင်တင့် 

တယ်တို့ မောင်နှမ နှစ်ယောက်ဟာ အပင်ရိပ်အောက်သို့ ဝင်လာသူ

များကိုသေအောင်၊မူးမေ့အောင်၊ရောဂါရအောင် လုပ်တယ်လို့ လဲ

သိရပါတယ်။

မောင်တင့်တယ် ရဲ့ ဇတ်လမ်းကတော့ဒီလောက်ပါပဲ ။

မှတ်ချက်-ဖတ်မှတ်ရတာကို ဖူးဖူလေး ရဲ့ စတိုင်နဲ့ ပြောင်းလဲရေးသား

ထားပါတယ်။ကြောင်းအရာကိုတော့  မှန်ကန်စွာတင်ပြထားပါတယ်။

လာရောက်ဖတ်ရှုတဲ့ သူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်နော်။

နောက်တပ် နတ်တွေရဲ့ အကြောင်းကို လဲ တစ်ခုစီတင်ပြမယ်ဖြစ်ပါတယ်။စောင့် ဆိုင်းဖတ်ရှုနိုင်ပါတယ်။

မောင်တင့်တယ်ရဲ့ အကြောင်းတွေ ထဲမှာမောင်တင့် တယ်ကို

ကိုးကွယ်ဖို့ အကြောင်းရင်းလေးတွေ့ ရင် ဖူးဖူးလေး ကို အကြောင်းကြားနိုင်ပါတယ်။

သူက အလင်းကိုကြောက်တယ်လို့ လဲပါတယ်နော်။

မီးကိုကြောက်တယ်ပေါ့ နော်။အလင်းဆိုတာကောင်းတဲ့ 

အရာပါနော်..သူငယ်ချင်းတို့ ..ဖူးဖူးလေးတော့ မစဉ်းစားတတ်

တော့ပါဘူး………..ခစ်ခစ်..

ဖူးဖူးလေး

ေ၇သူမလေး အေ၇ီယာ ၇ဲ့  ငယ်စဉ် ဘဝ


ရေသူမလေး အေရီယာ ဟာ အမေတူတဲ့  သမီးလေးဖြစ်သလိုပဲ ရေအောက်ဘုရင်ကြီး တရိုင်တန် ရဲ့  အငယ်ဆုံး
အထွေးဆုံးလေးဖြစ် ပါတယ်။သူမ ရဲ့ အမေရဲ့  အသံဟာ သိပ်ကောင်းသလိုပဲ အေ၇ီယာရဲ့ အသံဟာလဲ အမေဖြစ်
သူကိုမှီပါတယ်။

အဲ.......ဒါပေမဲ့  ဘုရင်ကြီးထရိုင်တန် ဟာခုတော့  ဂီတ . သီချင်း . ကိုအမုန်းကြီးမုန်းနေပါတယ်..။ရေအောက်မှာ
သီချင်းဆို သူမည်သူမဆို ပြင်ထန်စွာ ရေးယူခံ ရမယ်လို့  အမိန့် ထုတ်ထားပါတယ်။ဘာကြောင့် လဲ ဆိုတာမေးစရာ
ရှိပါတယ်။

အေရီယာတို့ မိသားစုဟာ ငယ်စဉ်အခါက ကျောက်ဆောင်ပေါ်မှာဝိုင်းဖွဲ့ ကာသီဆို ပျော်ပါးနေတုန်း လူတွေ တွေ့ 
ကာ ၀ရုန်းသုန်းကာ ထွက်ပြေးရင်း အေရီယာရဲ့  အမေ ဟာ အသက်ဆုံးရှုံး လိုက်ရပါတယ်။
ကင်းထရိုင်တန် ဟာ ၀မ်းနည်း မဆုံးဖြစ်နေရပါတယ်။သူဟာဒါဟာ သီချင်းဆိုလို့ ဂီတကြောင့့်လူတွေကြားတာဆိုပြီး...ဂီတကိုနားကျည်း ကာမုန်းတီးတားမြစ် ခြင်းဖြစ်ပါတယ်.။

ကင်းထရိုင်တန် ရဲ့  အယူကို ပြောင်းပစ် အေရီယာ ဟာသက်စွန့်  ဆံဖျားကြိုးစားပါတော့တယ်။
ခရေစေ့တွင်းကျသိချင်ပါက ၀ယ်ကြည့်ကြရန်...။
ဟိဟိ
ဖူးဖူးလေး

မှော်စရာတစ်ယောက်ရဲ့ အိပ်မွေ့ ချပညာ...။

ထိုအရာသည်
မြင်လွှာဘောင် အတွင်း ၀င်ရောက်လာက
အလိုလို မျက်စိမှေး လာသည်..။

ထိုအရာကို
ဖတ်ရင်းဖတ်ရင်း အားညောင်းလာကာ
အလိုလို မျက်စိ မှေး လာသည်...။

ဘ၀ အတွက် ပြောပေမဲ့
ကျက်ပြီးမေ့ပစ်ရမယ့်
အရာများ

ကြာတော့တင်းလာ
ပေါက်ကွဲလာသည်.။

မကျက်ဘဲ အိပ်တောင်
အားပြည့် သည်..။

မကျက်ပဲ ဂစ်တာတီးတောင်
စိတ်ကျန်းမာ သည်

အလကား ကျောင်းစာ ၊လက်မှတ်တွေ ............။

(လျှောက်ရေးထားသော ဘာမှန်းမသိတဲ့ စာဖြစ်ပါတယ်.။)
ဖတ်လို့  ကျေးဇူး တင်ပါတယ်..။
ဖူးဖူးလေး

wall-e ပြောမှသိ၇မှာလား..


wall-e ကိုသိကြပါသလား။ လူတွေ ကနေကမ္ဘာကြီးအတွက် အမှိုက်တွေသိမ်းဖို့ေ၇ာက်လာတဲ့  စက်၇ုပ်လေးတစ်ယောက်ပေါ့ ။ဘာလို့ တစ်ယောက်လို့ ခေါ်လိုက်တာလဲ သိကြပါလား..သူကလူတစ်ယောက်လို ပဲ နှလုံးသား၇ှိလို့  တစ်ယောက်လို့ သုံးနှုန်းလိုက်တာ ..။
သူက ကမ္ဘာကြီးပေါ်မှာ သူတစ်ယောက်တည်းကျန်ခဲ့ ၇တာပေါ့ ..အဲ ပိုးဟပ်လေးတစ်ကောင်ကတော့ သူ့ ၇ဲ တစ်ဦးတည်းသော သက်၇ှိ အဖော်ပေါ့ ။wall-e လေး က လူတစ်ယောက်လို ပဲ ကြင်နာ တတ်တယ်လေ..။



တကယ်တော့ ဒီကာတွန်းလေးက ပညာပေးကားလေးပါ။လူတွေ ကနေထွက်နေတဲ အမှိုက်တွေ က ဘယ်လောက်တောင်ကြောက်ဖို့ ကောင်းလဲ ဆိုတာ ကို ပညာပေးထားတာပါ။

wall e ဟာ ကမ္ဘာကြီးပေါ်မှာ မပျင်းမ၇ိ အလုပ်လုပ်နေ၇င်း တစ်နေ့ မှာတော့  အာကာသယဉ်ကြီး
ပေါ် ကနေ သူ၇ဲ့ နှလုံးသားပိုင်၇ှင် လေး ဖြစ်တဲ့  eve လို့ သူခေါ် တဲ့  စက်၇ုပ်လေးပေါ်လာတယ်..။

ဒီစက်ရုပ်လေးကတော့  ကမ္ဘာကြီးပေါ် က သက်၇ှိအပင်ကို လာ၇ှာတဲ့ 
တာဝန်နဲ လာ၇တဲ့ စက်၇ုပ်လေးပါ။ လူတွေကအဆိပ်သင့် နေတဲ့  ကမ္ဘာကြီးနဲ့ ဝေးတဲ အာကာသ မှာနေထိုင်ကြတယ်လေ.။
eve နဲ့  wall e က ၇င်ခုန်သံနီးစပ်ပြီး သံယောဇဉ် ဖြစ်သွားကြတယ်ပေါ့ ..။မထင်မှတ်ပဲ eve က wall e ဆီ မှာ သက်၇ှိအပင်လေးတွေ့ သွားတယ်လေ..။eve ကို လာခေါ်တော့  wall e က အာာကာသ ထဲ ကို လိုက်သွားခဲ့ တယ်။

သူတို့ ချစ်ချင်းကမြင့် မြတ်ပါတယ်။လူသားတွေ ၇ဲ့ ချစ်ချင်းထက် သူတို့ ချစ်ချင်း က ပိုဖြူစင်တယ်လေ။အ၇မ်းကြည်းနူးဖို့ ကောင်းတယ်။


လူတွေ က အာကာသ ထဲမှာ အငြိမ်နဲ့ နေနေ ၇တော့ တစ်နေ့ တစ်ခြား အဆီပိတ်ခြင်း ၊အ၀လွန်ခြင်း နဲ့ အ၇ိုးပွမှုကို ၇င်ဆိုင်နေကြ ၇တော့ ပေါ့ ..ဆန်းသစ်မှု၇ဲ့ နောက်ကွယ်က ကြောက်စ၇ာကောင်းတဲ့  ကိစ္စတွေ ပေါ့ ။သူငယ်ချင်းတို့သတိထားကြပေါ့ ။


လူတွေကလမ်းလျှောက်တယ်ဆိုတာဘာမှန်းမသိကြဘူးလေ..။wall-e နဲ့ eve တို့ ၇ဲ့ ချစ်ဇတ်လမ်း....အ၀လွန်သူတို့ ၇ဲ့ အဖြစ်ဆိုးတွေ .ကမ္ဘာကြီး၇ဲ အဖြစ်ဆိုးတွေ..ကို ကြည့် လိုက်မိ၇င်သိသွားနိုင်တယ် အတွက်သူငယ်ချင်းတို့ကိုကြည့်စေချင်တယ်လေ.။
အမြည်းသဘောပဲေ၇းလိုက်၇လို့ စိတ်မကောင်းပါဘူး..။

ဖူးဖူးလေး